Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပွဲစဉ်များကို Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတို့၌ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများသည် အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားအားကစား သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေး စကားပြောကြားသည်။

နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ် (၁) ၌ အုပ်စု (ခ) ပွဲစဉ်ဖြစ်သော နေပြည်တော်ဇုန်နှင့် မြစ်ကြီးနားဇုန်တို့မှ ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်ဇုန်က မြစ်ကြီးနား ဇုန်ကိုနှစ်ဂိုး- တစ်ဂိုးဖြင့်လည်းကောင်း၊ ညနေပိုင်းတွင် ကွင်းအမှတ် (၁) ၌ အုပ်စု(ခ) ပွဲစဉ်ဖြစ်သော စစ်ကိုင်းဇုန်နှင့် မြိတ်ဇုန်တို့ ယှဉ်ပြိုင်ကစားကြရာ မြိတ်ဇုန်က စစ်ကိုင်းဇုန်ကို သုံးဂိုး -နှစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအမှတ် (၃) တွင် အုပ်စု (ဂ) ပွဲစဉ်ဖြစ်သော မန္တလေးဇုန်နှင့် မိတ္ထီလာဇုန်တို့ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းပွဲစဉ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်