နေပြည်တော် ဇန်နဝါရီ ၂၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့်အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှု ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး အနေဖြင့် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိရှိရှိဖြင့် နိုင်ငံ့တာဝန်များကို ဝန်ထမ်းစည်းကမ်း၊ ရုံးစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့်ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည်မြင့်မားသူများဖြစ်အောင် တက်တက်ကြွကြွ ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်နှင့် အကောင်အထည်ဖော်နိုင်မှု၊ စီမံခန့်ခွဲမှု (Management)၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် (Good Gov- ernance)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ရုံးစာရေးသားနည်း၊ ရုံးလုပ်ငန်းလက်စွဲ၊ အပြည်ပြည်ဆိုင်ရာဥပဒေ (International Law)၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (PFM)၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ (Auditing and Accounting)၊ အဂတိတရား ကင်းရှင်းရေးနှင့် တာဝန်များ စသည့်ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ဝန်ထမ်းများအားလုံး သိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်း၊ ကထိကများကိုဖိတ်ခေါ်၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော် ဝါရီ ၂၇ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများအပြင် မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်