Skip to main content

Basic Social Work Skills Development သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၂

Basic Social Work Skills Development သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ ကျင့်သုံးဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လိုက်နာရန် လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် ရပ်ရွာအတွင်း ကူညီဆောင်ရွက် ပေးရမည့် နည်းလမ်းများအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေးနည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းအစီအစဉ်များနှင့် သက်ဆိုင်သည့် သင်ခန်းစာတို့ကို ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့သင်တန်းတွင်ပို့ချမည့် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံအကြောင်းအရာတို့ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူရန်အပြင် လက်တွေ့လေ့ကျင့်ရန်နှင့် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယနေ့သင်တန်းတွင် လူမှုရေးနည်းလမ်းအရ ကူညီဆောင်ရွက်ပေးသော လုပ်ငန်းအစီအစဉ်များ နှင့်သက်ဆိုင်သည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များက သုံးရက်တာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်