မန္တလေး ဇန်နဝါရီ ၂၀
သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး)၌ အလုပ်အကိုင်အခွင့်အလမ်းမိတ်ဆက်ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ Great Wall Company ၊ UAB Bank နှင့် Fudo Bakery တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းပြီးဆုံးချိန် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဟောပြောဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင်ရရှိရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်