တောင်ကြီး ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မှ ဒုတိယနှစ်သင်တန်းသား သင်တန်းသူများသည် တောင်ကြီးမြို့နယ်အတွင်းရှိ ကုမ္ပဏီများ၊ ဘဏ်များ၊ လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း၊ သမဝါယမအသင်းစုချုပ်နှင့် တောင်ကြီးမြို့နယ် သမဝါယမအသင်းစု၊ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်တို့မှ တာဝန်ရှိသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားကို စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၏ မြတ်ဘုန်းရောင်ခန်းမဆောင်တွင် ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၊ ဖိတ်ကြားထားသော ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘဏ်များမှ တာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်