နေပြည်တော် ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်း စောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်းကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာ ခြင်းမရှိသူများကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းတု၊ သတင်းမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါကျေးရွာများကို ယခုနှစ် ဇန်နဝါရီလအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြည်သူများအား ရွာများမှ ထွက်ခွာခိုင်းခြင်းများ မရှိကြောင်း သိရှိရသည်။
မဟုတ်မမှန်ရေးသားဖြန့်ဝေ
အလားတူ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဘီးလင်းမြို့နယ် တက်တူကုန်းကျေးရွာထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူသုံးဦးသေဆုံး၍ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သတင်းတု၊ သတင်းမှားများကို Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာနယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ ၁၉ ရက် (ယနေ့) တွင် သိမ်ဇရပ်မြို့နယ်အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများမရှိကြောင်း သိရှိရသည်။
လုံခြုံရေးဆောင်ရွက်
အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ နယ်မြေဒေသ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် အမျိုးမျိုးရေးသားဖြန့်ဝေနေကြောင်း သတင်းရရှိရသည်။
သတင်းစဉ်