Skip to main content

မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၃၀၃ ပါး၊ အစိုးရဓမ္မာစရိယ အထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၂ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၆ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အထူးအောင် ၉ ဦးတို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ အထူးအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများဆက်ကပ်ပင့်ဆောင်မည်ဖြစ်ပါသည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။

သတင်းစဉ်