Skip to main content

မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၈

မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦး၊ မြန်မာအမျိုးသားလေကြောင်းမှ ဒါရိုက်တာ ဒေါ်စုစုမြတ်၊ ဒါရိုက်တာ ဦးမြင့်အောင်နှင့် ဌာနမှူး ဦးလှဌေးအောင်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာအမျိုးသားလေကြောင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်