ရန်ကုန် ဇန်နဝါရီ ၁၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင်များ၊ ဌာနမှူး များနှင့်အတူ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၅ ရပ်ကွက် ဘုရင့်နောင်လမ်းသို့ သွားရောက်၍ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် အရှည် ၇၃၉ ပေ၊ အကျယ် ၃၂ ပေ၊ ဒု ကိုးလက်မရှိ ဘုရင့်နောင်လမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက် ပိုင်း)မြို့နယ် ၃၆ ရပ်ကွက် နဝရတ်ပန်းခြံအဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာအနီး သရက်ပင်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site – FDS) တည်ဆောက်ရေး စီမံကိန်း၊ ပတ်လမ်းများ၊ အမှိုက်ကန်၊ ရေစုကန်၊ Leachate ရေဆိုးကန်နှင့် Box Culvert ရေထိန်း တံခါးများ ဆောင်ရွက်နေမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ကျီစုသုသာန်ဝင်း ယာဉ်ရပ်နားကွင်းတိုးချဲ့နေမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၆၈ ရပ်ကွက် မင်းရဲကောင်းပုံလမ်းနှင့် မောင်းမကန်ကမ်းသာ လမ်းထောင့်ရှိ ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန မော်တော်ယာဉ်ဝင်းအတွင်း ရေဂါလန်ကိုးသောင်းဆံ့ မီးသတ်ကန်ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု၊ D-8 မြေထိုးစက်၊ သုံးတန် Komatsu Excavator နှင့် ယန္တရားများ၊ ဝန်ထမ်း ကြို/ပို့ ဖယ်ရီယာဉ်များ ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်နေမှု၊ မော်တော်ယာဉ်တာယာများနှင့် ဘက်ထရီအိုးများ ထိန်းသိမ်းထားရှိမှုနှင့် နှစ်ထပ်ဆောင်အထွေထွေသုံးစုဝေးခန်းမ တည်ဆောက်နေမှုလုပ်ငန်းခွင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွကပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်