ပူတာအို ဇန်နဝါရီ ၁၇
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မြို့မရပ်ကွက်ရှိ ဖီးလ်နစ်ဝိုင်ထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်မှ အသင်းသားများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဒေသထွက် ဂရိတ်ဖရုသီးများအား တစ်ဆင့်မြှင့်ထုတ်ကုန် ဂရိတ်ဖရုဝိုင်အဖြစ် ထုတ်လုပ်လျက်ရှိသည်။
အဆိုပါအသင်းသည် ရာသီပေါ်ဂရိတ်ဖရုသီးများအား ကြံရည်နှင့်အချိုးကျရော၍ ဝိုင်ဖောက်ရာ အနည်းဆုံး သုံးလကျော်မှစတင်၍ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ တစ်လလျှင် 750 ml ပုလင်း ၉၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်းနှင့် ဝိုင်ပုလင်းများအား ကချင်ပြည်နယ်အတွင်းသာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်