နေပြည်တော် ဇန်နဝါရီ ၁၇
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “ရခိုင့်ဖိတ်ခေါ်သံ” တေးဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၉ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ Friday Night Live Show အဖြစ် တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူတေးသံရှင်များဖြစ်ကြသည့် စန်းလွင်၊ ကျော်ဆန်းလွင်၊ ကျော်ကျော်နိုင်၊ ခေတ်မင်းပိုင်၊ မြတ်မင်းခေါင်၊ ပြည့်ဖြိုးအောင်နှင့် စိုးယုနန္ဒာတို့က ရခိုင်ပြည်နယ်၏ အေးချမ်းသာယာလှပမှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ရခိုင်ရိုးရာဓလေ့၊ ဖြူစင်ရိုးသားမှုနှင့် ရင်းနှီးခင်မင်မှုတို့အား ဖော်ညွှန်းသည့် တေးသီချင်းများကို မြန်မာ/ရခိုင် နှစ်ဘာသာဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇန်နဝါရီ ၂၁ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်