နေပြည်တော် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က နွားထိုးကြီးရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးကို PDF အမည်ခံအကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒရုန်းနှစ်စင်းပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် နွားထိုးကြီးမြို့နယ် ရွာကြီးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူနှစ်ဦးကို ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နွားထိုးကြီးမြို့၏ အရှေ့တောင် ဘက်မီတာ ၅၀၀ ခန့်အကွာ မှ PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ကြီးဖြင့် နွားထိုးကြီးမြို့ အတွင်းသို့ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့ ဆောက်လုပ်ရေးဝင်းနှင့် အ.ထ.က(မြို့မ) စာသင်ကျောင်းအကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းလာကြိုသည့် မိဘတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန်တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်