Skip to main content

ပွင့်ဖြူမြို့နယ်၌ ငါးမွေးမြူရေးကန်များ မြေယာအသုံးချမှု တရားဝင်ရရှိစေရေးနှင့် ငါးမွေးမြူခြင်းဆိုင်ရာ လိုင်စင်လျှောက်ထားရေးအသိပညာပေး

ပွင့်ဖြူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ပွင့်ဖြူမြို့နယ်အတွင်းရှိ ငါးမွေးကန်များ မြေယာအသုံးချမှုတရားဝင်ရရှိရေးနှင့် ငါးမွေးမြူခြင်းလိုင်စင်လျှောက်ထားရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မေသန္တာဝင့်နှင့် မြို့နယ်ဦးစီးဌာနမှူး ဒေါ်စပယ်လှိုင်တို့က မြို့နယ်အတွင်း အမှန်မွေးမြူနေသည့် ငါး/ပုစွန် မွေးမြူရေးကန်စာရင်းများ ကိုက်ညီပြီး တိကျမှန်ကန်မှုရှိစေရေး၊ လုပ်ငန်းလုပ်ပိုင်ခွင့်နှင့် မြေအသုံးချမှုမှန်ကန်စေရေး၊ လျှောက်ထားမှုမရှိသေးသောသူများ ငါးမွေးကန်များ မြေယာအသုံးချမှု တရားဝင်ရရှိရေး၊ ငါးမွေးမြူခြင်းလိုင်စင် လျှောက်ထားရေးတို့အတွက် ကျွဲတိကျေးရွာမှ ငါးမွေးတောင်သူများအား ပညာပေးဟောပြောပြီး တောင်သူများက သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်