Skip to main content

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ပြင်ဦးလွင်မြို့တွင် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ပြင်ဦးလွင် ဇန်နဝါရီ ၁၆

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေနံနက် ၉ နာရီတွင်   ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် “မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်ရင်းသားများ ကိုးကွယ်ယုံကြည်နေသည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအားဖျက်ဆီးသူဒို့ရန်သူ၊ သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူများကျရှုံးပါစေ၊  ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားပင် ပျောက်ကွယ်ရလိမ့်မည်ဟူသော MNDAA အကြမ်းဖက်အဖွဲ့၏လုပ်ရပ်များ၊  လူမျိုးရေးခွဲခြား သာသနာကိုစော်ကားဖျက်ဆီးသူများအား   ဆန့်ကျင်ကြ” ဟု  ရေးသားထားသော ဗီနိုင်းများနှင့် သာသနာ့အလံငယ်များအားကိုင်ဆောင်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းနှင့် အဆိုပါကန့်ကွက်ရှုတ်ချပွဲတွင် သံဃာတော်များနှင့်လူပုဂ္ဂိုလ် စုစုပေါင်းအင်အား   (၃၂၀၀)  ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်းမြို့တော်