Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာ၌ နေပြည်တော် ကုသရေးဦးစီးဌာနက ကွင်းဆင်းဆေးကုသပေးမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ပျဉ်းမနား ပြည်သူ့ ဆေးရုံကြီး ခုတင် ၂၀၀ နှင့် တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ ခုတင် ၁၀၀ တို့က အထူးကု ဆရာဝန်များ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်း မြို့နယ်သရက်ပင်ကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း၌ ညောင်လွန့်ကျေးရွာအုပ်စု၊ ကြိုးကြာအင်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စုနှင့် တဲမြင့်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများကို ကွင်းဆင်း၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သရက်ပင်ကျေးရွာ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကောဏ္ဍညနှင့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အဆိုပါကျောင်းတိုက်၌ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများကို အမှတ်တရသစ်သီးခြင်း ပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရဖြစ်စားသောက် ဖွယ်ရာပစ္စည်းများပေးအပ်၍ တဲမြင့်ကျေးရွာမှ မျက်စိဝေဒနာရှင် ဦးကံညွန့်အား ဆေးကုသစရိတ်အဖြစ် ထောက်ပံ့ငွေကျပ် နှစ်သိန်းကို ထောက့်ပံ့ပေးအပ်သည်။

လူနာ ၃၇၉ ဦး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့

ယနေ့ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါလူနာ ၁၀၆ ဦး၊ မျက်စိလူနာ ၁၃၆ ဦး၊ အရိုးလူနာ ၇၁ ဦး၊ ကလေးလူနာ ၁၂ ဦး၊ သားဖွားမီးယပ်လူနာ ၄၃ ဦး၊ သွားလူနာ ၁၁ ဦး စုစုပေါင်းလူနာ ၃၇၉ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံကြီးများသို့ လူနာခြောက်ဦး လွှဲပြောင်း၍ ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်ညောင်လွန့်ကျေးရွာရှိ တောင်သူဦးမောင်သင်၏ ပေါင်းစည်းလယ်ယာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သဘာဝမြေဩဇာ ထုတ်လုပ်မှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ညောင်လွန့်ကျေးရွာရှိ ကျေးလက်ကျန်းမာ ရေးဌာနတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အခြေအနေများနှင့် သက်ကြီးရွယ်အိုများအား ကိုယ်ကာယလေ့ကျင့်ခန်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ကြည့်ရှုအားပေးပြီး သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများ၊ ကလေးကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုအခြေအနေများ၊ ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို လည့်လည်ကြည့်ရှုအားပေးသည်။    

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သည်တပ်ကုန်းမြို့ ဘုရားနီကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိအားသွားရောက် ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မအူတော ကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာရှိ ကွင်းအမှတ် ၁၅၉၆ (က/ခ)ကွင်းအား နရဘန်ယာယီ ချောင်းပိတ် ဆည်မှ နွေစပါးရေပေးဝေနေမှုနှင့် နွေစပါးစိုက်ပျိုးနေမှု အခြေအနေများကိုကြည့်ရှု အားပေးပြီး လိုအပ် သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်