နေပြည်တော် ဇန်နဝါရီ ၁၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
တွေ့ဆုံ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ ဌာနကြီးမှူးများနှင့်တွေ့ဆုံကာ ပြည်သူများအတွက် လိုအပ်သောဆေးဝါးများ ဖြည့်ဆည်းပေးနိုင်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပြည်ပမှဆေးဝါးတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံ၌ ရှိပြီးဖြစ်သည့် နည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေး ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ရန်နှင့်မျိုးဆက်သစ်လူငယ်များကိုလည်း လေ့ကျင့်သင်ကြားမွေးထုတ်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်မည့်စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်တင်းထားရန်၊ ဈေးကွက်အတွင်း လိုအပ်သောဆေးဝါးများ ထုတ်လုပ်ပေးနိုင် ရေးအတွက် ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး လုပ်ငန်းစဉ်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လူမှုတာဝန်သိမှုလုပ်ငန်း (Corporate Social Res-ponsibility - CSR)များကို ဆောင်ရွက်ပေးရန်မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်