Skip to main content

ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံး ညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား

မန္တလေး ဇန်နဝါရီ ၁၅

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအဝင် ကွန်ကရစ်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့် ကူညီဆောင်ရွက်ပေးရန်၊ သဘာဝဘေးအန္တရာယ် အထူးဂရုပြုရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ကြီးဌာနက အကောင်အထည်ဖော်နေသော စီမံကိန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို စည်းစည်းလုံးလုံး ညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်