Skip to main content

မြဝတီကုန်သွယ်ရေးဇုန်၌ ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်ထိ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၄၉ သန်း ဆောင်ရွက်နိုင်ခဲ့

မြဝတီ ဇန်နဝါရီ ၁၅

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂၅ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၂၄ သန်းဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၄၉ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၉-၁-၂၀၂4 ရက်နေ့မှ 13-၁-၂၀၂၄ ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် မြေပဲ အစို ၃၈ ဒသမ ၃၁၅ တန်၊ ကြက်သွန်နီ တန် ၂၀၇၄ ဒသမ ၁၈၀၊ ကော်ဖီစေ့ ၅၂ တန်၊ ငရုတ်သီးခြောက် ၄၀၀ ဒသမ ၃၈၂ တန်၊ ငရုတ်သီးစိမ်း အစို ၁၈၈ ဒသမ ၉၀၄ တန်၊ သတ္တုနှင့်သတ္တုရိုင်း ၉၆ တန်နှင့် ချုပ်ပြီးအထည် ၈၄၂၃ တန်တို့ ဖြစ်သည်။

သွင်းကုန်အနေဖြင့် ပလတ်စတစ် ကုန်ကြမ်းများ ဒေါ်လာ ၁ ဒသမ ၇၀၇ သန်း၊ အခြားပစ္စည်းများ ဒေါ်လာ ၁ ဒသမ ၆၀၉ သန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ ဒေါ်လာ ၀ ဒသမ ၇၃၃ သန်း၊ ဆေးဝါးပစ္စည်းများ ဒေါ်လာ ၀ ဒသမ ၄၁၆ သန်း၊ ဓာတုဗေဒ ဒေါ်လာ ၀ ဒသမ ၄၁၄ သန်း၊ စက်နှင့်စက်ပစ္စည်းများ ဒေါ်လာ ၀ ဒသမ ၃၄၃ သန်း၊ တာယာနှင့်ကျွတ် ဒေါ်လာ ၀ ဒသမ ၂၂၉ သန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ ဒေါ်လာ ၀ ဒသမ ၁၈၁ သန်း၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ဒေါ်လာ၀ ဒသမ ၁၃၀ သန်းတို့ ဖြစ်သည်။ ငွေလဲနှုန်းအနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် ၉၈ ဒသမ ၅၂ ကျပ်ဖြစ်ကြောင်း သိရ သည်။

(စီးပွား၊ ကူးသန်း)