Skip to main content

ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကွန့်ကွက်ရှုတ်ချပွဲ ကျိုင်းတုံမြို့၌ ကျင်းပ

ကျိုင်းတုံ        ဇန်နဝါရီ        ၁၃

အကြမ်းဖက်သောင်းကြမ်းသူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်း ကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက ကျိုင်းတုံမြို့မအားကစားကွင်း၌ ပြုလုပ်သည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များနှင့် မျိုးချစ်တိုင်းရင်းသားပြည်သူများက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးနေသူ  အကြမ်းဖက် သောင်းကျန်းသူမှန်သမျှ (ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို စော်ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား (ဆန့်ကျင်ကြ)၊ သာသနာကို ဖျက်ဆီး‌သော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး (ဒို့အရေး) ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ ကျိုင်းတုံဟော်နန်းရှေ့မှ  နောင်တုံကန် ပတ်လမ်းနှင့် ကျိုင်းတုံ-တောင်ကြီး ကားလမ်းတစ်‌လျှောက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြပြီး  မြို့မအားကစားကွင်းသို့ စုဝေးရောက်ရှိရာ ကျိုင်းတုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် မျိုးချစ်ပြည်သူဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ်ဖျက်ဆီးရန် လုပ်ဆောင်နေမှုအပေါ် ကန့်ကွက်ဟောပြောမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။