Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ပုသိမ် ဇန်နဝါရီ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပန်းတနော်မြို့နယ် ချောင်းကလေးကျေးရွာအုပ်စု အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောတံတား တည်ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) A1 bore pile 5 လုံး၊ A2 bore pile 5 လုံး ဆောင်ရွက်ပြီးစီးမှုနှင့် P1 bore pile တူးရန် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေ​ရေး မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကျုံတုန်းကြီးကျေးရွာအုပ်စု ဇီးဖြူစုကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ကျုံတုန်းကြီးကွင်း ကွင်းအမှတ် ၅၃၄ (က) ရှိ ဆင်း‌ရွှေကြာ ၂၊ နေကြာစံပြ (၁၀)ဧကစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးကာ အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်