Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစား ကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ တွင် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ (ဘောလုံး၊ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်) အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်း ငါးနည်းဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌လည်းကောင်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။

သတင်းစဉ်