Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ရပ်ကွက်အချို့မှာ လုံခြုံရေးအတွက် နေ့စားခေါ်ယူနေကြောင်း ကောလာဟလ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုနှင့် ရေပုန်းကျေးရွာအုပ်စုတို့ရှိ ရပ်ကွက်များတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လုံခြုံရေးဆောင်ရွက်ရန် အရပ်သားများကို နေ့စားစနစ်ဖြင့် တပ်မတော်မှခေါ်ယူနေကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးဆောင်ရွက်ရန်အတွက် အရပ်သားများကို နေ့စားစနစ်ဖြင့် ခေါ်ယူခြင်းမရှိပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ကောလာဟလ သတင်းအမှားများကို မသမာသူများက ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများကို မဟုတ်မမှန် လုပ်ကြံရေးသားပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။