နေပြည်တော် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းအမှားများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆောက်ချုံပေါက်ကျေးရွာနှင့် အနီးဝန်းကျင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်းမရှိပါကြောင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများမရှိကြောင်း၊ ကောလာဟလ သတင်းအမှားများသာဖြစ်ပါကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ကောလဟလ သတင်းများကို လုပ်ကြံရေးသားပြီး ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းအဆိပ်ခတ်ခြင်းနှင့် အကြမ်းဖက်သမားများမှ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာရန် လှုံဆော်ရေးသား ဝါဒဖြန့်ခြင်းတို့ဖြင့် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိခိုက်စေရန် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။