Skip to main content

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်း အနားတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၀

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင် ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး တရားသူကြီးချုပ် Dr. Suhartoyo S.H., M.H. က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကစစ်ဆေးစီရင်ခဲ့သည့် အမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ Judicial Ethics Council ဖွဲ့စည်း တည်ထောင်ခဲ့မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍လည်းကောင်း အစီရင်ခံတင်ပြပြီး ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး တရားသူကြီးချုပ်က နှုတ်ဆက်စကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့ အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့်အတူ အခြားအဖွဲ့ဝင် နိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။            

သတင်းစဉ်