နေပြည်တော် ဇန်နဝါရီ ၉
ဇန်နဝါရီလ ၆ ရက်နေ့ ၀၈:၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မျိုးသက်ကို မောင်းနှင်လာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၄၁၅ အချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းကောရ(ခ)စိုင်းခမ်းမတ်အား နမ့်စန်မြို့အဝင်၊ နမ့်စန်-ခိုလမ်သွား ကားလမ်းတွင် TOYOTA CROWN မော်တော်ယာဉ် ၁ စီး၊ ခြောက်လုံးပြူးသေနတ်(၁)လက်၊ ၎င်းကျည်(၂၃)တောင့်နှင့် လည်းကောင်း၊ ၁၄၄၅ အချိန် မိုးသက်ကို(ခ)ဘိုင်ဘိုင်းအား လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် မျိုးသက်ကို(၃၇)နှစ်၊ စိုင်းကောရ(ခ) စိုင်းခမ်းမတ်(၂၉)နှစ်နှင့် မိုးသက်ကို(ခ) ဘိုင်ဘိုင်း(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။