နေပြည်တော် ဇန်နဝါရီလ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာသို့ ပြောင်းရွေ့ခံရမည်စိုး၍ အထက်အဆင့်ဆင့်သို့ ငွေကျပ်သိန်းရာချီလာဘ်ထိုးနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန်ရေးသားခြင်းဖြစ်ကြောင်း၊ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း သိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့် ရေးသားဖြန့်ဝေနေကြောင်း သတင်းရရှိပါသည်။