Skip to main content

စစ်တွေတွင် အရပ်သား ၆ဝ ခန့်ကို တပ်မတော်က အင်အားသုံးဖမ်းဆီးဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အရပ်သားပြည်သူ ၆၀ ဦးခန့်ကို တပ်မတော်က ဇန်နဝါရီလ ၇ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးသွားခဲ့သည်ဟု ရခိုင်မီဒီယာတစ်ခုဖြစ်သည့် Development Media Group မှ ကောလာဟလသတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ပုံမှန်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြစ်မဲ့အရပ်သားပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းမရှိကြောင်း သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေဒေသများ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် တိကျခိုင်မာမှုမရှိသော အကြောင်းအရာများကို ကောလာဟလသတင်းများအဖြစ် ဖန်တီးရေးသားကာ တိုင်းရင်းသားပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်လှုံ့ဆော်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။