နေပြည်တော် ဇန်နဝါရီ ၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု အမှတ် ၂၆/၂၀၂၂ (မန္တလေး)၊ ၇/၂၀၂၃ (ပဲခူး)၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၃၇/၂၀၂၃ (ရှမ်း) နှင့် ၃၈/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမ အထူးအယူခံမှုအမှတ် ၁၉/၂၀၂၂ (ဧရာ၀တီ)၊ ၁၇/၂၀၂၃ (တနင်္သာရီ)၊ ၁၉/၂၀၂၃ (ဧရာ၀တီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/၂၀၂၃ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူး အယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်