Skip to main content

စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ်များမှ ဘွဲ့ယူမောင်မယ်များအားဘွဲ့ချီးမြှင့်

စစ်ကိုင်း ဇန်နဝါရီ ၂

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၅ - ၁၂ -၂၀၂၃ ရက်မှ ၂၉-၁၂- ၂၀၂၃ ရက်အထိ (အစမ်း လေ့ကျင့်ခြင်းအပါအဝင်) စစ်ကိုင်းပညာရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သဟာယအဖွဲ့ဝင်များ၊ စီမံရေးရာ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်းများ၊ မိဘဆွေမျိုးများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအနား၌ ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးချွန်ဆုံးဘီအီးဒီဘွဲ့ရ မနွေးနွေးစံ ခုံအမှတ် - ၅ ပညာ (၁၆)-၆၆ အား ဒေါက်တာဦးသန်းဦး ဖောင်ဒေးရှင်း၏ ရွှေတံဆိပ်ဆုနှင့် ကျပ် ၁၀ သိန်းတိတိကို ချီးမြှင့်သည်။

ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနင်္ကရချောင်ဆရာတော် ဒေါက်တာကုဏ္ဍလ၊ ကျွန်းလှ ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသိင်္ဂါသီရိတို့က ကြွ‌ရောက်ချီးမြှင့်ခဲ့သည်။

၁၆-၁၂-၂၀၂၃ ရက်မှ ၂၇-၁၂-၂၀၂၃ ရက်အထိ ပါရဂူဘွဲ့သုံးဦး၊ မဟာပညာရေးဘွဲ့ ၃၁ ဦး၊ ပညာရေးဘွဲ့(နေ့သင်တန်း) ၁၃၉ ဦး၊ ပညာရေးဘွဲ့ (စာပေးစာယူ) အပတ်စဉ်(၂၀) ၃၆၂ ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ) အပတ် စဉ်(၂၁) ၄၂၇ ဦး၊ ပညာရေးဘွဲ့ (စာပေးစာယူ) အပတ်စဉ်(၂၂) ၃၉၀၊ PGDMA ဘွဲ့လွန်ဒီပလိုမာ ၇၉ ဦးနှင့် အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်များမှ ပညာရေးဘွဲ့(စာပေးစာယူ)(BEd)(EDC) အပတ်စဉ်(၁) စုစုပေါင်း ၁၇၈၉ ဦးကို ဘွဲ့ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

ယခု စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါရဂူဘွဲ့သုံးဦး၊ မဟာပညာရေးဘွဲ့ ၄၇ ဦး၊ ပညာရေးဘွဲ့ ၂၁၃ ဦး၊ PGDMA ဘွဲ့လွန်ဒီပလိုမာ ၁၁၇ဦး၊ ပညာရေးဘွဲ့(စာပေးစာယူ) ၃၀၂၄ ဦး၊ အထက်မြန်မာပြည်ပညာရေးဒီဂရီကောလိပ် ၁၃ ကျောင်းမှ ပညာရေးဘွဲ့(စာပေးစာယူ)ဘွဲ့ရ ၃၄၆၆ ဦးတို့ကို ဘွဲ့ချီးမြှင့်ပေးမည်ဖြစ်သည်။ စစ်ကိုင်းပညာရေးတက္ကသိုလ်အနေဖြင့် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း ၃၈၈၂၂ ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်