Skip to main content

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ကောင်းမွန်သောစီးပွားရေးဝန်းကျင်ဖြစ်လာစေရေး ရည်ရွယ်ဖွဲ့စည်းခဲ့

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဝက်ဘ်ဆိုဒ် ရေးဆွဲဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ယှဉ်ပြိုင်မှုဥပဒေစိုးမိုးမှုရှိစေရေးအတွက် ပွင့်လင်းမြင်သာ၍ တရားမျှတစွာ ဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအားလုံးအတွက် ကောင်းမွန်သော စီးပွားရေးဝန်းကျင်ဖြစ်လာစေရေးကိုရှေးရှု၍ ယှဉ်ပြိုင်မှု မူဝါဒကို ရေးဆွဲရန်၊ ယှဉ်ပြိုင်မှုမူဝါဒ၏ အကျိုးကျေးဇူးများကို အသိပညာပေးရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်