ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော် နေပြည်တော်တွင် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က သဒ္ဓါထက်သန်စွာဖြင့် စုပေါင်းပါဝင်လှူဒါန်းပူဇော် တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ဖောင်းရစ်သုံးခုအနက် တတိယဖောင်းရစ်နှင့် ဒုတိယဖောင်းရစ်အား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဆက်လက်၍ ကျန်သောပထမဖောင်းရစ်ဧရိယာ(၃၄၈၅.၇၈) စတုရန်းပေအား ရွှေစင်ရွှေပြားကပ်လှူရန် စီစဉ်လျက်ရှိပါသည်။ ရွှေစင်ရွှေပြား(၁)ချပ် (အရွယ် တစ်ပေ x တစ်ပေ၊ အလေးချိန် ရွှေတစ်ကျပ်သား)၏ ကုန်ကျစရိတ်မှာ ၂၅,၀၀,၀၀၀/- (ကျပ် နှစ်ဆယ့်ငါးသိန်း တိတိ) ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ရုံးအဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးချင်းမှ သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ကုသိုလ်ပါဝင်လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ဖြစ်စေ၊ ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ် ရွှေသင်္ကန်းငွေစာရင်းအမှတ် CF.000873 သို့ ပေးပို့၍ဖြစ်စေ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် -