Skip to main content

မိုးညှင်းမြို့နယ်၌ သမဝါယမအသင်းသားများ၏ မိုးစပါးများ အချိန်မီရိတ်သိမ်းလျက်ရှိ

မိုးညှင်း ဒီဇင်ဘာ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ဆောင်ရွက်သည့် အခြေခံသမဝါယမအသင်း ၁၃ သင်းမှ စိုက်ဧက ၄၄၂၉ ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးအား စိုက်ပျိုးထားရှိသည်။

ယခုအခါ စပါးများအချိန်မီရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ ပင်းဟဲကျေးရွာ ရွှေနေကြာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်မှ အသင်းသားတောင်သူ ဒေါ်ခင်မာအေး၏ စိုက်ဧက ၁၂ ဧကတွင် ကောက်စိုက်သမ ၁၀ ဦးဖြင့် စပါးရိတ်သိမ်းပြီး ခြွေလှေ့ စက်ဖြင့် ခြွေလှေ့ဆောင်ရွက်နေမှုအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် ပျမ်းမျှစပါးတင်း ၉၀ မှ ၉၅ တင်းကြားထွက်ရှိကြောင်း၊ အဆိုပါစပါးရိတ်သိမ်းပြီး လယ်ဧကများတွင် ပဲပုပ် ၁၀ ဧကနှင့် နေကြာနှစ်ဧက ပြန်လည်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်