Skip to main content

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်၊ စုပေါင်းတန်းစီကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက်  စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်အားကစားကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးအနီး၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်းနှင့် တပ်နယ်စစ်ရေးပြကွင်းများ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာများတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှအရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။