နေပြည်တော် ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို တပ်ဖွဲ့တွေက စစ်ဆေးမှုပြုလုပ်ရာမှာ မှတ်ပုံတင်မပြနိုင်ရင် ငွေကျပ်တစ်သောင်းပေးဆောင်ဖို့ ဒဏ်ငွေရိုက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်တဲ့ Delta News Agency က မဟုတ်မမှန်ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မော်လမြိုင်မြို့ရှိ ဒေသခံပြည်သူများ၏ ပြောပြချက်အရ “မော်လမြိုင်မြို့ထဲတွင် တပ်ဖွဲ့ဝင်များအနေဖြင့် သီးခြားစစ်ဆေးခြင်းမရှိပါကြောင်း၊ မှတ်ပုံတင်မပြနိုင်ပါက ဒဏ်ရိုက်သည်ဟု ဆိုသည်မှာလည်း မဟုတ်ပါကြောင်း၊ ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များတွင် ဌာနဆိုင်ရာအဖွဲ့စုံဖြင့် လမ်းဆုံလမ်းခွများတွင် ရှောင်တခင်စစ်ဆေးခြင်းများ တွေ့ရှိရကြောင်း” သိရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်ဖျက်မီဒီများအနေဖြင့် ပြည်သူများနေ့စဉ်ပုံမှန်လှုပ်ရှား သွားလာနေမှုများတွင် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာစေရန်အတွက် မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
