နေပြည်တော် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ပုဇွန်မြောင်းကျေးရွာဝန်းကျင် ကျေးရွာများရှိ လယ်များတွင် စပါးရိတ်လိုပါက ကျပ် ၅ သိန်းနှုန်း စစ်တပ်ကိုပေးရသည်ဟု မြေလတ်အသံ - Myaelatt Athan လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပုဇွန်မြောင်းကျေးရွာရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ ပြောပြချက်အရ ငွေကျပ် ၅ သိန်းပေး၍ စပါးရိတ်ရသည်ဟု ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်နှင့် ဒေသခံအထင်အမြင်လွဲမှားစေနိုင်သော ကောလာဟလသတင်းများကို ပြည်သူများအကြား အကြောင်းအရာမျိုးစုံဖြင့် အချိန်ကိုက်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
