နေပြည်တော် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်ကလေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုမှုကြောင့် တော်လှန်ရေးရဲဘော်တချို့ အဆိပ်သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံဆီက ပြောကြားသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဓာတုလက်နက်များကို မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း မရှိပါကြောင်းနှင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အဖွဲ့အကျအဆုံးများပြားလာပါက ထိုကဲ့သို့ မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ထုတ်လွှင့်မှုများကို အမြဲလုပ်ဆောင်နေကြဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တပ်မတော်နေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
