Skip to main content

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်ကုသနေသည့် တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ချီးမြှင့်ပေးအပ်

နေပြည်တော် ဒီဇင်ဘာ ၁၆

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ၍ ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် တက်ရောက်ကုသနေသော တပ်မတော်သားများအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဆေးပဒေသာပင်သို့ အလှူငွေများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆေးပဒေသာပင်သို့ အလှူငွေကျပ်သိန်း ၁၀၀ နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအတွက် ငွေကျပ် ၉၇ သိန်းတန်ဖိုးရှိ အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များအား ပေးအပ်လှူဒါန်းရာ တပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) တွင် ဆေးဝါးတက်ရောက်ကုသနေသော နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား အလှူငွေများ၊ စားသောက်ကုန်၊ လူသုံးကုန်များကို ကုသဆောင်များအရောက် သွားရောက်၍ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။