Skip to main content

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်တာဝန်ခံအရာရှိများမှ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများကို အကျဉ်းထောင်တာဝန်ခံအရာရှိများမှ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာဖြစ်သည့် RFA မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ အကျဉ်းထောင်တွင် ပုံမှန်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမဲ့လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း၊ ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းမှားများကို မြို့ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံလိမ်လည်ရေးသား၍ အချိန်ကိုက်ဖြန့်ဝေရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။