Skip to main content

ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသော ကုန်တင်ယာဉ်များ မှတ်ပုံတင်ခြင်း ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လုပ်ပေးတော့မည်

ရန်ကုန် ဒီဇင်ဘာ ၁၄

လာမည့်နှစ်အစမှစတင်ကာ ကိုဗစ်ကြောင့်ရပ်နားထားခဲ့ရသော ကုန်တင်ယာဉ်များမှတ်ပုံတင်ခြင်း ပြန်လုပ်ပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

“ကိုဗစ်ကြောင့်ရပ်ထားတာ။ အဲဒါကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ပြန်လုပ်ပေးမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။ အဆိုပါ ကုန်တင်ယာဉ်များမှတ်ပုံတင်ခြင်းမှာ အသစ်ပြန်လည်လုပ်ဆောင်ပေးခြင်း မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်များအား ဝန်ဆောင်မှုပေးလျက်ရှိသော အငှားယာဉ်/ စီးတီးတက္ကစီယာဉ်များအား မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်း ဝန်ဆောင်မှုများကို ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

“ရပ်ထားတာကကြာပြီ။ ကျွန်တော်တို့လည်း သတင်းတော့ကြားနေတာပေါ့။ သွားပြီးတော့ မှတ်ပုံတင်ရမှာပါ။ ဒါကလည်း လုပ်သင့်တာတစ်ခု ဖြစ်ပါတယ်” ဟု ကုန်စည်ပို့ဆောင်ရေး ယာဉ်ပိုင်ရှင်တစ်ဦးကဆိုသည်။

သစ်တော်