Skip to main content

စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားထားရဟု ပြည်ဖျက်မီဒီယာ Than Lwin Times မှ ကောလာဟလ သတင်းမှားများဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၁၄

မွန်ပြည်နယ်တွင် ဒီဇင်ဘာလအတွင်း စက်သုံးဆီပြတ်လပ်လာမှုနဲ့အတူ ဆီဝယ်ယူရခက်ခဲလာတာကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားရသည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး တာဝန်ရှိသူတစ်ဦးမှ မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ ပုံမှန်သွားလာလျက်ရှိပြီး အဝေးပြေးယာဉ်လိုင်းများလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် အဝေးပြေးယာဉ်လိုင်းအချို့ ရပ်နားသည်ဆိုသည်မှာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများမှ ပြည်သူလူထု လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စက်သုံးဆီနှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများကိုထုတ်လွှင့်ကာ စိုးရိမ်ပူပန်စိတ်များဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူခြင်း၊ စုဆောင်းသိုလှောင်ခြင်းစသည်တို့ကို ဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတင်းတုများကို ရေးသားလှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။