Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦး နုတ်ထွက်စာတင်ထားသော်လည်း ထွက်ခွင့်မရဟု လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး ဟင်္သာတမြို့ရှိ နယ်မြေခံတပ်ရင်းတွင် စစ်သင်တန်းတက်ရမည်ဖြစ်ကြောင်း၊ ပြီးရင်ရှေ့တန်းကို ပို့ခံရမည်ဖြစ်သည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ နုတ်ထွက်စာတင်သော်လည်း ထွက်ခွင့်မရဟု သတင်းတု၊ သတင်းမှားများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များနှင့် ဟင်္သာတမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ပြောကြားချက်အရသိရှိရသည်။

ပြည်ဖျက်မီဒီယာများမှ မီဒီယာကိုအကြမ်းဖက်လက်နက်သဖွယ်အသုံးချကာ သတင်းတု၊ သတင်းမှားတွေကို ရေးသားဖော်ပြလျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။