Skip to main content

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားဟု တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media မှ ကောလာဟလသတင်း ရေးသားဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားသည်ဟု မဟုတ်မမှန်သတင်းများကို ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ ဒီဇင်ဘာ ၁၃ ရက်နေ့ တပ်မတော်မှလောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှုမရှိကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်နှင့်ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်သတင်းများကို အချိန်ကိုက် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။