Skip to main content

ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အကူအညီလိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်