နေပြည်တော် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၉) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းတွင် သတင်းအရ ကြီးညို၊ ထွန်းစိန်နှင့် အောင်ကိုကိုတို့ကို AD Van မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့်ရှာဖွေရာယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၀ နာရီတွင် ကျောက်တံတားမြို့နယ် (၅)ရပ်ကွက်ရှိ ထွန်းစိန်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား သုညဒသမ ၃ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
