Skip to main content

ရေလုပ်ငန်းလုပ်ကိုင်ရန် ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၁

ရေလုပ်ငန်းလုပ်ကိုင်ရန် ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ် နှင့် ထောင်ဒဏ် (၅)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေ ဒေါ်နီနီဝင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဦး ---- ၊ ၄၈ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ဦး ---၊ ၄၀ နှစ်၊ ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ ဦး ---- ၊ ၅၃ နှစ်နှင့် ပန်းတနော် မြို့နယ်နေ ကို ----၊ ၂၄ နှစ်တို့အား ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်ပါကတစ်လလျှင် ငွေကျပ်နှစ်သိန်းရရှိမည်ဟု စည်းရုံးပြောဆို၍ ဧရာကျေးရွာရှိ ရေလုပ်ငန်းရှင် ဦးစောထွန်းနိုင် (ခ)ဦးဘုန်းနိုင်၏ မျှောပိုက်စက်လှေ တွင် ရေလုပ်ငန်းလုပ်ကိုင်ရန် ပို့ဆောင်ကာ လုပ်အားခငွေကျပ် ၁၂ သိန်း ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း(ပ) ၈၆/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီးမင်္ဂလာဒုံခရိုင် တရားရုံးသို့တရားစွဲတင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် တရားခံဒေါ်နီနီဝင်းအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်