Skip to main content

မြိတ်မြို့နှင့် ထားဝယ်မြို့တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေဟု သတင်းမှားဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများအား အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်း၌ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတွင် ဒေသခံအမျိုးသား ၃၀ ဦးနီးပါးကို လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုပ်ကြံသတင်းအတုသာဖြစ်ကြောင်းနှင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လုံခြုံရေးအဖွဲ့များ ၎င်းနေရာ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့မှုမရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးအဖွဲ့များမှ ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရန်အတွက် တာဝန်ထမ်းဆောင်နေမှုများအပေါ် အထင်အမြင်လွဲမှားစေရန် ဦးတည်ရည်ရွယ်၍ ကောလာဟလသတင်းတု၊ သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။