Skip to main content

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။

ဆုံးဖြတ်ချက် ၉ ချက် အတည်ပြု

အဆိုပါ အစည်းအဝေးသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၂) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် ၁၀ ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်၍ ဆုံးဖြတ်ချက် ၉ ချက်အား အတည်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ဖတ်ကြားတင်သွင်း

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၂၂) ကြိမ်မြောက် အထွေထွေညီလာခံကို နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပရာ အဆိုပါ အထွေထွေညီလာခံသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် အစီရင်ခံစာတင်သွင်းခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အစီရင်ခံစာကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) က ဖတ်ကြားတင်သွင်း ဆွေးနွေးသည်။

အဆိုပါအထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် ၉ ချက်ကို အတည်ပြုကြပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံက ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်