Skip to main content

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၂၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့ ရွှေပြည်သာကွက် သစ်ရပ်ကွက်မြို့ရှောင်လမ်းတွင် အောင်မျိုးမင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက် သံသုမာလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဝင်းနိုင်နှင့် အေးမောင်တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့ အမှတ် (၁)ရပ်ကွက်ရှိ ကျော်လင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်