Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

နေပြည်တော် နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ညနေ ၆ နာရီတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပသွား မည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့၏ တီးခတ်မှု နှင့်အတူ နာမည်ကျော်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ညပိုင်းတွင် အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် (တန်ဆောင်မုန်းလပြည့်) ညတို့တွင်လည်း မီးပုံးပျံများ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်