Skip to main content

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၂၄

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းဘုရင့် တပ်မတော်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Jumphol Chantakamma နှင့်တာဝန်ရှိသူတို့က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက် တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တို့အား ဖူးမြော်ကြည်ညိုကြပြီး ဗိုလ်ချုပ်အောင်ဆန်းစျေးသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်